Elige una pista para reproducir
အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ
တစ်ချို့နေရာက အကောင်းအတိုင်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပါယ်မရှိတာ သိပေမယ့်
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့လဲ
အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်
တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေလတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်းရောက်နေမလဲ
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်
အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ
တစ်ချို့နေရာက အကောင်းအတိုင်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပါယ်မရှိတာ သိလဲပဲ
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့
ငါအမှတ်တမဲ့မင်းကိုလွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်လွယ်ငါမေ့မရဘူးကွယ်
ဘယ်ဆီကို မင်းရောက်နေမယ်
ဘာတွေကို မင်းလုပ်နေမယ်
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်
ဘာတွေကို မင်းလုပ်နေမယ်
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တစ်ခါတစ်လေ ငါသတိရပါတယ်
တွေ့ရင်မှတ်မိအုံးမယ် ထင်ပါတယ်
နှစ်တွေလတွေက အတော်ကြာပြီပဲ
မင်းရောက်နေလဲ
မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တစ်ခါတစ်လေ ငါသတိရပါတယ်
ဟိုး
သတိရနေတယ်