Elige una pista para reproducir
နှစ်ကိုယ်တူရေးတဲ့ ဇာတ်လမ်းလေးရယ်
တဖြည်းဖြည်းရောက်ခဲ့ရပေါ့ နိဂုံးလေး
ပုံရိပ်ဟောင်းများပြန်ပြီးတွေး
ဟိုတုန်းကအနားနားမင်းရှိနေတုန်းလေး
ပျော်စရာနေ့တွေ ပြန်ပြီးရချင်တယ်
ငါတို့ချစ်ခဲ့ကြတာ ဝေးဖို့လည်းမဟုတ်ခဲ့
အရင်နေရာလေးတွေ ရောက်တိုင်းမျက်ရည်လည်
ဒါတွေမင်းမသိ လွမ်းနေမင်းမရှိ
ငါ့ရင်ခွဲလို့ကြည့်ပါဦး အချစ်ဆုံးရေ
အို တစ်ကယ်ကိုဝေးခဲ့ကြပြီလားကွယ်
ဒါဟာအိပ်မက်ဖြစ်ဖို့အတွက်ငါဆုတောင်းဆဲ
မျှော်လင့်ထားသမျှဖြစ်မလာတော့လည်း
ကြွေကာနှုတ်ဆက် မျက်ရည်ဝဲ
ပျော်စရာနေ့တွေ ပြန်ပြီးမရနိုင်တယ်
ငါတို့ချစ်ခဲ့ကြတာ အတိတ်မှာထားရစ်ခဲ့
အရင်နေရာလေးတွေ ရောက်တိုင်းမျက်ရည်လည်
ဒါတွေမင်းမသိ လွမ်းနေမင်းမရှိ
ငါ့ရင်ခွဲလို့ကြည့်ပါဦး အချစ်ဆုံးရေ
အို တစ်ကယ်ကိုဝေးခဲ့ကြပြီလားကွယ်
ဒါဟာအိပ်မက်ဖြစ်ဖို့အတွက်ငါဆုတောင်းဆဲ
မျှော်လင့်ထားသမျှဖြစ်မလာတော့လည်း
ကြွေကာနှုတ်ဆက် မျက်ရည်ဝဲ
ငါကိုယ်တိုင်စတဲ့ဇာတ်ကို
ငါကိုယ်တိုင်အဆုံးသတ်ဖျက်ဆီး
ငါကိုယ်တိုင်အလွမ်းနဲ့ကျွမ်းလောင်ပြီ
နင်နာကျင်ရတဲ့နေ့တွေ နင်ငိုနေခဲ့ရညများ
ငါတရားခံဖြစ်လို့တောင်းပန်သည်
ငါကိုယ်တိုင်စတဲ့ဇာတ်ကို
ငါကိုယ်တိုင်အဆုံးသတ်ဖျက်ဆီး
ငါကိုယ်တိုင်အလွမ်းနဲ့ကျွမ်းလောင်ပြီ
နင်နာကျင်ရတဲ့နေ့တွေ နင်ငိုနေခဲ့ရညများ
ငါတရားခံဖြစ်လို့တောင်းပန်သည်