Elige una pista para reproducir
နတ်သမီးလေးတစ်ပါး
အတောင်ကျိုးလို့သွား မပျံနိုင်ပါ
လမ်းပျောက်
ခြေဦးတဲ့ရာ ဘယ်သွားမလဲသူမသိပါ
ပြန်လမ်းမရှိတာသေချာနေပြီလား
ဘယ်အထိရောက်အောင်သူဆက်လျှောက်မယ်မသိပါ
မျှော်လင့်ချက်တွေမကုန်ဆုံးသေးသရွေ့
ရှေ့ဆက်ကာလျှောက်လမ်းခဲ့
လူ့လောကကြီးရဲ့အလယ်
အမုန်းတရားတွေဖယ်ရှားလဲ
ပင်လယ်ရေလိုပဲ
အသစ်အဖြစ်သူဖန်တီးခဲ့
အဟောင်းများမေ့ပစ်ခဲ့
အဆုံးသတ်ပြီလူသားရဲ့
ကြွေချိန်မငိုပါကွယ်
အမှားတွေလဲ
အမှန်ဖြစ်ဖို့မလွယ်တော့ အမှားများနဲ့ပဲ
ရှေ့ဆက်ဖို့မဝံ့ရဲ
အပြစ်တွေ
သူဆေးကြောမယ်သူ့သွေးနဲ့စာမျက်နှာ
စာရွက်ပေါင်းများစွာ ဝန်ခံချက်များ
နာကျင်မှုအောက်မှာခံစားရရှာသူ့ခမျာ
ဘယ်သူမှအနားမှာမရှိလဲမမှုခဲ့
ရှေ့ဆက်ကာလျှောက်လမ်းခဲ့
လူ့လောကကြီးရဲ့အလယ်
အမုန်းတရားတွေဖယ်ရှားလဲ
ပင်လယ်ရေလိုပဲ
အသစ်အဖြစ်သူဖန်တီးခဲ့
အဟောင်းများမေ့ပစ်ခဲ့
အဆုံးသတ်ပြီလူသားရဲ့
ကြွေချိန်မငိုပါကွယ်
(အိမ်ပြန်ချိန်ရောက်ခဲ့ပေါ့ နတ်သမီးလေး)
ငါ့ကိုကယ်ပါဦး
ငါ့ကိုမင်းချန်ထားခဲ့လို့
ငါ့ကိုလှည့်ကြည့်ဦး
အခုတော့ဒုက္ခတွင်းထဲမျော
ငါ့ကိုကယ်ပါဦး
ငါ့ကိုမင်းချန်ထားခဲ့လို့
ငါ့ကိုလှည့်ကြည့်ဦး
အခုတော့ဒုက္ခတွင်းထဲမျော
(နတ်သမီးလေးရေ)