Elige una pista para reproducir
Sencillo / Pista
(ငါ့ရဲ့လက်ကိုကိုင်ထားမလွှတ်နဲ့)
ရင်ခုန်သံတွေမြန်နေလို့ပါ
(ငါ့ကိုချစ်တယ်ပြောစမ်းကွာ)
နောက်ဆုံးအကြိမ် ငါကြားချင်လို့ပါ
မိုးတွေလဲသဲလို့နေ
မင်းလက်ထဲသွေးစက်တွေ
ငါမမြင်နိုင် ငါမမြင်နိုင် ငါမမြင်နိုင်တော့ဘူး
တွေ့ရက်နဲ့မင်းကိုငါခေါ်လဲမကြား
မင်းဘက်ကမသိချင်ယောင်ဆောင်နေတာလား
(ဝေခွဲလို့မရဘူး)
မင်းရဲ့အနားရှိနေတာမသိဘူးလား
ငါ့ရဲ့စကားများကိုရင်ထဲကနေ
(နားထောင်ကွာ) အချစ်ရာ
(မင်းငိုနေလဲမထူးဘူးကွာ)
မျက်ရည်တွေသုပ်လိုက်
မင်းကိုစောင့်နေရင်းနဲ့ငါ
မင်းကိုလွမ်းနေရင်းနဲ့ငါ
မင်းလိုက်ခဲ့မှာလား
မင်းလက်ထဲရှိတဲ့ငါ အဲ့ဒါငါမဟုတ်တော့ပါ
(ငါကိုယ်တိုင်) ဘာမှန်းမသိတော့
တွေ့ရက်နဲ့မင်းကိုငါခေါ်လဲမကြား
မင်းဘက်ကမသိချင်ယောင်ဆောင်နေတာလား
(ဝေခွဲလို့မရဘူး)
မင်းရဲ့အနားရှိနေတာမသိဘူးလား
ငါ့ရဲ့စကားများကိုရင်ထဲကနေ
(နားထောင်ကွာ) အချစ်ရာ
အလင်းတန်းများကောင်းကင်ကနေမြေပြင်ပေါ်ကိုကျရောက်
(ငါသွားတော့မယ်နှုတ်ဆက်ခဲ့ပြီ)
အလင်းတန်းများကောင်းကင်ကနေမြေပြင်ပေါ်ကိုကျရောက်
(ငါသွားတော့မယ်နှုတ်ဆက်ခဲ့ပြီ)
အလင်းတန်းများကောင်းကင်ကနေမြေပြင်ပေါ်ကိုကျရောက်
(ငါသွားတော့မယ်နှုတ်ဆက်ခဲ့ပြီ)
တွေ့ရက်နဲ့မင်းကိုငါခေါ်လဲမကြား
မင်းဘက်ကမသိချင်ယောင်ဆောင်နေတာလား
(ဝေခွဲလို့မရဘူး)
မင်းရဲ့အနားရှိနေတာမသိဘူးလား
ငါ့ရဲ့စကားများကိုရင်ထဲကနေ
(နားထောင်ကွာ)
တွေ့ရက်နဲ့ခေါ်လဲမကြား
မင်းရဲ့အနားရှိနေတာ
တွေ့ရက်နဲ့ခေါ်လဲမကြား
မင်းရဲ့အနားရှိနေတာ
အချစ်ရာ