Elige una pista para reproducir
ကြင်နာတဲ့အကြောင်းလေးပြန်စဉ်းစား
မင်းပေးခဲ့တဲ့ကတိတွေကိုသတိရ
အခုတော့မင်းဘယ်ဆီမှာ
ရှောင်တိမ်းလို့ပြေးထွက်သွား
အချိန်တွေကြာမင်းလေးကိုတမ်းတ
အစိတ်စိတ်နဲ့ကွဲကြေငါ့နှလုံးသား
မင်းပေးခဲ့တဲ့ဒဏ်ရာတွေနဲ့
ငါရူးမတတ်ဖြစ်လို့သွား
နာရီတိုင်းနေ့ရက်တိုင်းကမင်းပါကွာ
မင်းအငွေ့အသက်တို့ ရင်မှာစိုးမိုးထား
မင်းစကားပြောတဲ့အသံလေးများ
ငါ့နားထဲကြားယောင်လာ
ကြယ်စင်များဒီကမ္ဘာမြေပေါ်ဆင်းသက်သွားလည်းကွာ
အမြဲတမ်းပဲငါကြင်နာတာမင်းတစ်ယောက်ပါ
ချစ်တဲ့မင်းပြန်လာချိန်လေး
ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ ချစ်သူရာ
အတူပျော်ခဲ့နေ့ရက်တို့သတိရ
မဟောင်းသေးတဲ့အတိတ်ကိုပြန်တမ်းတ
မင်းပေးခဲ့တဲ့ပျော်ရွှင်မှုလေး
အမှတ်ရလို့နေမှာ
ဘယ်ဆီကိုမင်းတစ်ယောက်ထွက်ပြေးသွား
အတွေးများနဲ့ရူးနေ ငါအဆွေးသမား
စိမ်းကားရက်တဲ့ကြင်နာသူလေး
ပြန်လာခဲ့ဖို့သင့်ပြီကွာ
နာရီတိုင်းနေ့ရက်တိုင်းကမင်းပါကွာ
မင်းအငွေ့အသက်တို့ရင်မှာစိုးမိုးထား
မင်းစကားပြောတဲ့အသံလေးများ
ငါနားထဲကြားယောင်လာ
ကြယ်စင်များဒီကမ္ဘာမြေပေါ်ဆင်းသက်သွားလည်းကွာ
အမြဲတမ်းပဲငါကြင်နာတာမင်းတစ်ယောက်ပါ
ချစ်တဲ့မင်းပြန်လာချိန်လေး
ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ ချစ်သူရာ
နာရီတိုင်း နေ့ရက်တိုင်းကမင်းပါလား
မင်းအငွေ့အသက်တို့ရင်မှာစိုးမိုးထား
မင်းစကားပြောတဲ့အသံလေးများ
ငါနားထဲကြားယောင်မလား ဟာ
ကြယ်စင်များဒီကမ္ဘာမြေပေါ်ဆင်းသက်သွားလည်းကွာ
အမြဲတမ်းပဲငါကြင်နာတာမင်းတစ်ယောက်ပါ
ချစ်တဲ့မင်းပြန်လာချိန်လေး
ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ ဟိုး အို
ငါခွင့်လွှတ်စောင့်မျှော်ဆဲပါ ချစ်သူရာ