Elige una pista para reproducir
ခန္ဓာတစ်ခြမ်း တစ်ပိုင်းဟာ
မင်းကြောင့်နှင့် ဝေး
ခန္ဓာတစ်ခြမ်း တစ်ပိုင်းဟာ မင်းကြောင့်နှင့် ဆွေး
(Instrumental)
စိတ္တဇဟာ ကပ်မရခဲ့
နာမ်မှာ အတွေးတစ်ခုရောက်လာခဲ့တဲ့ အချိန်တိုင်း
ငါတို့ဖြတ်သန်းခဲ့ရမယ့်
အဆိုးအကောင်းများနယ် အမှတ်တရများထဲ
တစစ နှင့်တိုက်စားသွားခဲ့လည်း သတ်မှတ်ချက်တို့ အလိုမကျခဲ့တဲ့ မင်းဟာ
ကိုယ့်ရှင်သန်ရာ ဘယ်ဘက်အခြမ်းက ခရီးသွားဧည့်သည်
သိတယ် သို့သော် အိပ်မက်တွေတော့ ကြီးမားခဲ့တယ်
မသိမသာ အထိနာခဲ့တဲ့ စိတ်ဟာ စုတ်ပြတ်သတ်
ကိုယ်နှစ်သက်ခဲ့တဲ့ ပန်းချီကားတစ်ချပ်မှာ ထင်ကျန်စဲ
ဗီဇတို့ မညီမျှလို့ ခွဲထုတ်ပစ်လိုက်တော့မယ် ဒီညအဖို့
ဗီဇတို့ မညီမျှလို့
ပိတ်လှောင်ကာ ထားခဲ့သော အရိပ်ကြောင့်
ရုန်းထွက်ဖို့ကြိုးစား
မင်းရဲ့မျက်လွှာအောက်က အလင်းစက်အား
မကျစေချင်ခဲ့ ငါ
ကမ္ဘာမှာ နှလုံးသားနှစ်ခု မှားသွားလိမ့်မယ် လို့
ဘယ်တုန်းကမှ မတွေးမိခဲ့တဲ့
ဒါငါဟာ ငါတောင်မပီသလို့
ငါဟာ ငါတောင်မပီသတော့ပါ
(ဒါငါဟာ ငါတောင်မပီသ မပီသ
ဒါငါဟာ ငါတောင်မပီသတော့)
မပြီးသတ်သေးတဲ့ မင်းနဲ့ ရင်ဆိုင်ရမယ့် တရားခွင်
မနီးမလှမ်းကနေ အသိမဲ့ အရှိမဲ့ ကတိမဲ့ထွက်သွားချင်
အနီးကပ်ရှိလျက်နဲ့ မင်းဟာငါ့အတွက် ငါဟာမင်းအတွက်
မလုံလောက်တော့တဲ့ ဒီမျက်ဝန်းထဲက အကြည့်နဲ့ပြောသော စကားသံများ ထပ်ကြားချင်
တိတ်ဆိတ်မှုကို သဘောကျတဲ့မင်း
နွေးထွေးခြင်းကို သဘောတွေ့တဲ့ ကိုယ့်မှာ
မင်းနဲ့ သက်ဆိုင်တဲ့ ရနံ့ဟာ တစ်ဖက်ကခတ်တဲ့ အဆိပ်တွေနဲ့ အပြည့်
ဒီအနည်ထိုင်ခဲ့တဲ့ စိတ်ဝိဥာဉ်ထဲမှာ အရိပ်အခြေမဲ့ကာပြန့်
တစ်ဘဝစာမြင်ရခဲ ရင်ထဲ
အချစ်က ရေလို အရသာ ခါးသက်သက်လား
အဓိပ္ပါယ်တွေမဲ့ အက်ကြောင်းတွေလိုက်
အဓိပ္ပါယ်တွေရှိခဲ့လိမ့်မယ် တခဏစာ တစ်ပိုင်းမှာ
နောက်ထပ်မတွေ့ရဦးမယ့် မင်းမဟုတ်တဲ့ မင်းကို
လိုက်ရှာခဲ့
အချိန်တွေ wasted မဖြစ်ဖို့
ကိုယ်မပိုင် ခန္ဓာတစ်ခြမ်းအား ငြင်းဆိုလိုက်ကာ
ဗီဇတို့ မညီမျှလို့
ဒီအမှားတို့ ဒီညအဖို့ ကိုယ်ခံယူရင်း
ဗီဇတို့ မညီမျှလို့
ဒီအမှားတို့ ဒီညအဖို့
အမာရွတ်တို့နှင့် ငါတို့တွေ
(Instrumental)
ပိတ်လှောင်ကာ ထားခဲ့သော အရိပ်ကြောင့်
ရုန်းထွက်ဖို့ကြိုးစား
မင်းရဲ့မျက်လွှာအောက်က အလင်းစက်အား
မကျစေချင်ခဲ့ ငါ
ကမ္ဘာမှာ နှလုံးသားနှစ်ခု မှားသွားလိမ့်မယ် လို့
ဘယ်တုန်းကမှ မတွေးမိခဲ့တဲ့
ဒါငါဟာ ငါတောင်မပီသလို့
ငါဟာ ငါတောင်မပီသတော့ပါ
ပိတ်လှောင်ကာ ထားခဲ့သော အရိပ်ကြောင့်
မင်းရဲ့ မျက်လွှာအောက်က အလင်းစက်အား
မကျစေချင်ခဲ့ ငါ
ကမ္ဘာမှာ နှလုံးသားနှစ်ခု မှားသွားလိမ့်မယ်
ငါဟာ ငါတောင်မပီသလို့
ငါဟာ ငါတောင် မပီသတော့