Elige una pista para reproducir
အလိုက်တသိ
တေးဆို ပိုးမီ
ဝင်လာပါလို့ မခေါ်ခဲ့သလို
ပြန်ပါပြန်ပါ မနှင်ခဲ့ဘူး
ခဏတာခိုနားဖို့ သက်သက်
ငါ့ရင်ခွင်ကို ဝင်လာခဲ့သူ
အဖြူရောင်ခြယ်တဲ့ ရင်ထဲမှာ
ဒဏ်ရာတွေသာပွင့်စေ ခဲ့တဲ့သူ
ဝဋ်ကြွေးတစ်ခုဆိုလဲ
ကြေပါစေတော့အခု
အကြင်နာချိုမြိန်မျက်ဝန်းဟာ
တချိန်မှာနာကျင်စေတတ်မှန်း
ဘဝမှာမသင်ကြားဘူးခဲ့တော့
အယုံလွယ်သူသာ ကိုယ့်အမှားပေါ့
ဟန်ဆောင်ကန့်လန်ကာ ကွာချချိန်
ရည်ရွယ်သူဆီ မင်း ထွက်သွားတော့မှ
ငါသိနှင့်နေလည်းပဲ မတားရက်တော့ပါ
ငါချစ်တဲ့ မင်းစိတ်ချမ်းသာ ဖို့
နင် ချစ်တဲ့ မိန်းကလေးလည်း ပျော်ဖို့
ငါမျက်ရည်တွေနဲ့ လမ်းခင်းရုံက လွဲလို့
ဆုတောင်းလဲ မပြည့်ခဲ့တော့ပီ မို့
ဒီအတိုင်းပဲလမ်းခွဲကြပါစို့
အလိုက်တသိထွက်ခွာ အိမ်ကိုပြန်တော့မလို့
ဒါ ငါ့ ကံကြမ္မာ ပဲမို့
ဝင်လာပါလို့ မခေါ်ခဲ့သလို
ပြန်ပါပြန်ပါ မနှင်ခဲ့ဘူး
ခဏတာခိုနားဖို့ သက်သက်
ငါ့ရင်ခွင်ကိုဝင်လာ ခဲ့သူ
အဖြူရောင်ခြယ်တဲ့ ရင်ထဲမှာ
ဒဏ်ရာတွေသာပွင့်စေခဲ့တဲ့သူ
ဝဋ်ကြွေးတစ်ခုဆိုလဲ
ကြေပါစေတော့အခု
အကြင်နာချိုမြိန်မျက်ဝန်းဟာ
တချိန်မှာနာကျင်စေတတ်မှန်း
ဘဝမှာမသင်ကြားဘူးခဲ့တော့
အယုံလွယ်သူသာကိုယ့်အမှားပေါ့
ဟန်ဆောင်ကန့်လန်ကာ ကွာချချိန်
ရည်ရွယ်သူဆီ မင်း ထွက်သွားတော့မှ
ငါသိနှင့်နေလည်းပဲ မတားရက်တော့ပါ
ငါချစ်တဲ့ မင်းစိတ်ချမ်းသာ ဖို့
နင်ချစ်တဲ့ မိန်းကလေးလည်း ပျော်ဖို့
ငါ မျက်ရည်တွေနဲ့ လမ်းခင်းရုံက လွဲလို့
ဆုတောင်းလဲ မပြည့်ခဲ့တော့ပီမို့
ဒီအတိုင်းပဲလမ်းခွဲကြပါစို့
အလိုက်တသိ ထွက်ခွာ အိမ်ကိုပြန်တော့မလို့
ငါ ချစ်တဲ့ မင်းစိတ်ချမ်းသာ ဖို့
နင် ချစ်တဲ့ မိန်းကလေးလည်း ပျော်ဖို့
ငါ မျက်ရည်တွေနဲ့ လမ်းခင်းရုံက လွဲလို့
ဆုတောင်းလဲ မပြည့်ခဲ့တော့ပီ မို့
ဒီအတိုင်းပဲလမ်းခွဲကြပါစို့
အလိုက်တသိထွက်ခွာအိမ်ကိုပြန်တော့မလို့
ဒါငါ့ကံကြမ္မာပဲမို့
အလိုက်တသိထွက်ခွာအိမ်ကိုပြန်တော့မလို့
ဒါငါ့ကံကြမ္မာပဲမို့