Elige una pista para reproducir
Sencillo / Pista
ဒဏ်ရာဒဏ်ချက်များကပြင်းတယ်
အရေးပေါ်ဖုန်းဆက်လိုက်ပါ
ငါ့မျက်လုံးတွေဝေဝါးနေလို့
ငါဘာမှလဲမမြင်တော့လို့
ငါပြန်လည်ပြီးသတိဝင်ခဲ့တယ်
ဘာမှမမှတ်မိပါ ငါ့ရဲ့ဦးနှောက်ထဲမှာ
ဘာတွေပျက်စီးသွားပြီလဲကွာ
ငါဘယ်ရောက်နေလဲ
ဘယ်လိုရောက်ရှိခဲ့လဲ
ဘာများဖြစ်ခဲ့သလဲ
(ဘာတွေများလုပ်ခဲ့သလဲ)
ဆရာဝန်တွေအလုပ်သိပ်ကိုရှုပ်တဲ့
ဒီနေရာထဲကနေပြေးထွက်
အပြင်ရောက်လဲ လူများနဲ့
ရှုပ်ရှက်ခတ်နေခဲ့
အာရုံတွေသိပ်နောက်တယ် ငါ့ရဲ့
နာမည်အားလိုက်လို့မေးတယ်
ဘယ်သူမှလဲ မသိဘူးတဲ့
ငါဘယ်သူလဲ
ငါဘယ်ရောက်နေလဲ
ဘယ်လိုရောက်ရှိခဲ့လဲ
ဘာများဖြစ်ခဲ့သလဲ
(ဘာတွေများလုပ်ခဲ့သလဲ)
(ငါမှတ်မိတဲ့အချိန်ရောက်တော့လဲ ငါဝေးလွင့်ခဲ့ လူ့လောကနဲ့)
ဘာကြောင့်များ ဒီလိုမင်းလုပ်ရက်တာလဲ