Elige una pista para reproducir
ဒီလူကို ပစ်ပြီးတော့ ရွှေဘုံနန်းစံနေတော့
ဘင်ဂျို ပိုက်ပြီး မင်းအိမ်ရှေ့ အဆွေးဇာတ်ထုပ်ခင်းမယ်
ခင်လေး အတွက် မောင် ငိုမယ်
ဟေ့ ဓာတ်ရှင် မင်းသားကြီး အိုက်တင်မျိုးနဲ့
ဒီမောင် ရင်ကျိုးတော့ အကြိမ်ကြိမ် ကိုက်နေတာပေါ့
ဒါကို ခင်လေးသိရက်အဝေး ပြေးထွက်လို့သွားပြီ အနာဂတ်တွေ ပျက် ကုန်ပြီ
တပါးသူနှုတ်ခမ်းဆီ ပါးပြင်အပ်သွားတဲ့
အာ့ အာ့
မိခင်လေးရယ် မင်းဟာ သိပ်စိမ်းတယ်
ဟိုး... အတိတ်က ဇာတ်လမ်းလေး
အခုထက်ထိ မမေ့ဘူးဟေ့
I love you never leave you
မင်းပြောခဲ့သော ဒီစကားလေး
မောင့်ဘဝရဲ့ လမင်းလေး
တခြားအရပ်သို့ သူအလင်းပေး...
သြော်အခုတော့ လမိုက်ညတွေ
ဆက်တိုက်ဖြစ်လို့ မှောင် သွား ပြီ
ဘိုကေ ညှပ်ထားတော့ အပျိုတွေက ကြွေတာပေါ့
ဒါပေမယ့်လည်း အို ခင်လေးရယ် မင်းမှမင်းပဲကွယ်
ရင်နာနာနဲ့ငါ ပြော... ချင်တယ်
အရင်တုန်းကတော့မောင့်ကို အချစ်ဆုံးတဲ့
အာ့ အာ့
အခုများကြတော့ တစိမ်းလို နင်သတ်မှတ်
ဟိုးအတိတ်က ဇာတ်လမ်းလေး
အခုထက်ထိ မမေ့ဘူးဟေ့
I love you never leave you
မင်းပြောခဲ့သော ဒီစကားလေး
မောင့်ဘဝရဲ့လမင်းလေး တခြားအရပ်သို့ သူအလင်းပေး
သြော် အခုတော့ လမိုက်ညတွေ ဆက်တိုက်ဖြစ်လို့ မှောင်သွားပြီ
ဟေ့ တပါးသူ နှုတ်ခမ်းဆီ ပါးပြင် အပ်သွားတဲ့
အာ့ အာ့
မိခင်လေးရယ် မင်းဟာသိပ်စိမ်းတယ်
ဟိုး အတိတ်က ဇာတ်လမ်းလေး အခုထက်ထိ
မမေ့ဘူးဟေ့
I love you never leave you
မင်းပြောခဲ့သော ဒီစကားလေး
မောင့်ဘဝရဲ့ လမင်းလေး
တခြားအရပ်သို့ သူအလင်းပေး
သြော်... အခုတော့ လမိုက်ညတွေ
ဆက်တိုက်ဖြစ်လို့ မှောင်သွားပြီ
THE END