Elige una pista para reproducir
ညဘက်တိုင်းအိပ်မပျော်ပဲအတွေးတွေတစ်ပုံကြီးရှိနေတယ်
လူသားတွေရဲ့ဦးနှောက်ထဲ ပြုပြင်ဖို့ကြိုးစားချင်တယ်
လူတွေလူတွေဦးနှောက်မဲ့ လူတွေလူတွေအသိဉာဏ်မဲ့
လူတွေလူတွေမရှိတော့ရင်ကောင်းမယ်
ဒေါသများ မောဟများ နှလုံးမှာခိုအောင်းလို့နေတယ်
လောဘသားခေါင်းမာကြ ကိုယ့်အတွက်ကိုယ်ပဲကြည့်နေတယ်
လူတွေလူတွေအချင်းချင်းပဲ ဒီကမ္ဘာမြေကိုမမျှဝေဘဲ
အရာရာကိုငါသေနတ်နဲ့ဖြေရှင်းမယ်
မူးယစ်ဆေးတွေပေါတဲ့ဒီခေတ်ထဲ
အမေရေမျက်ရည်မကျစမ်းနဲ့
လူငယ်ဘဝတွေအမှောင်ဖုံးခဲ့
ပိုက်ဆံရှိရင်ဘာမဆိုဖြစ်တယ်
မရှိသူတွေသာရှုံးနိမ့်ခဲ့
ဘယ်သူတွေအနိုင်ရသွားသလဲ
ဆန့်ကျင်ဘက်အတွေးနယ်ထဲ လက်ခံသူနဲလွန်းနေတယ်
အမုန်းတွေကစိတ်ရိုင်းတွေအလား မီးလိုလောင်မြှိုက်သွားစေတယ်
လူတွေလူတွေအမုန်းများနဲ့ ဘာသာသာသနာအဓိပ္ပာယ်မဲ့
လူကိုလူလိုသိတတ်ရင်ကောင်းမယ်
လူတွေလူတွေဦးနှောက်မဲ့ လူတွေလူတွေအသိဉာဏ်မဲ့
လူတွေလူတွေမရှိတော့ရင်ကောင်းမယ်