Elige una pista para reproducir
မျက်ရည်များ စီးဆင်းသွား
အေးခဲသွားလောက်အောင်ပဲ
ဒီဆောင်းရဲ့ည
အရင်တုန်းကများ မင်းမှတ်မိမလား
မင်းရဲ့အနားကနေပဲ
ငါပွေ့ဖက်ထား
အခုတော့အိပ်မက်လိုပဲ
တစ်ဖြည်းဖြည်းမင်းမေ့မှာပဲ
အေးခဲသွားတော့မှာပဲ မျက်ရည်တွေ
အချိန်မီသုတ်လိုက်
ဒီညကအေးလွန်းပေမယ့်
ရင်ထဲမှာပူဆွေးလို့နေဆဲ
ငါတို့နှစ်ယောက်အမြဲပြောခဲ့ဖူးတဲ့
စကားတွေအမှတ်မထင်ရေရွတ်လိုက်
မျက်စိများ ပိတ်ခါထား
ပိတ်ကားတစ်ချပ်လိုပါပဲ ပုံရိပ်များ
ငါတို့ရဲ့ပုံရိပ်များ
ကောင်းကင်က ကြယ်ကလေးတွေဟာ
မျက်လုံးများလိုပါပဲ ငုံ့ကြည့်ကုန်ပြီ
မင်းဆက်ပြီး မငိုပါနဲ့
အခုတော့အိပ်မက်လိုပဲ
တစ်ဖြည်းဖြည်းမင်းမေ့မှာပဲ
အေးခဲသွားတော့မှာပဲ မျက်ရည်တွေ
အချိန်မီသုတ်လိုက်
ဒီညကအေးလွန်းပေမယ့်
ရင်ထဲမှာပူဆွေးလို့နေဆဲ
ငါတို့နှစ်ယောက်အမြဲပြောခဲ့ဖူးတဲ့
စကားတွေအမှတ်မထင်ရေရွတ်လိုက်
ခေါင်းပေါ်နှင်းတွေကျကုန်ပြီ
လက်တွေလဲတုန်လို့နေပြီ
မျက်ရည်များဟာနှင်းနဲ့အတူ
အရည်ပျော်ကုန်ပြီ
လရောင်လဲပျောက်ဆုံးနေပြီ
ကြယ်တွေလဲမင်းကြောင့်ကြွေပြီ
ခံစားမှုပြင်းထန်သော
ဒီညတစ်ညကုန်ဆုံးပြီ
အခုတော့အိပ်မက်လိုပဲ
တစ်ဖြည်းဖြည်းမင်းမေ့မှာပဲ
အေးခဲသွားတော့မှာပဲ မျက်ရည်တွေ
အချိန်မီသုတ်လိုက်
ဒီညကအေးလွန်းပေမယ့်
ရင်ထဲမှာပူဆွေးလို့နေဆဲ
ငါတို့နှစ်ယောက်အမြဲပြောခဲ့ဖူးတဲ့
စကားတွေအမှတ်မထင်ရေရွတ်လိုက်
အခုတော့အိပ်မက်လိုပဲ
တစ်ဖြည်းဖြည်းမင်းမေ့မှာပဲ
အေးခဲသွားတော့မှာပဲ မျက်ရည်တွေ
အချိန်မီသုတ်လိုက်
ဒီညကအေးလွန်းပေမယ့်
ရင်ထဲမှာပူဆွေးလို့နေဆဲ
ငါတို့နှစ်ယောက်အမြဲပြောခဲ့ဖူးတဲ့
စကားတွေအမှတ်မထင်ရေရွတ်လိုက်
(အမှတ်မထင်ရေရွတ်လိုက်)