Elige una pista para reproducir

တစ်သက်စာအတွက်ရည်ရွယ်ထားတဲ့ ချစ်သူရယ်
စကားလေးတစ်ခွန်းပြောချင်တယ်
မနက်မှာ အနမ်းတွေဝေပြီး
ညဆိုထွေးကာဖက်ရင်း အိပ်စက်ချင်တယ်
တွေ့စကအတိုင်းကွာ ခုထက်ထိလည်း
မင်းပြုံးလိုက်တိုင်း ငါ့မှာအရည်ပျော်ကျခဲ့
ချစ်တဲ့သူ့စကားမှာ ပန်းများစွာလည်း
အို ... ပွင့်ပြန်တယ်
မင်းနဲ့ငါ နီးစပ်ခွင့်တစ်နေ့နေ့ရရင်
နင့်နားမှာ အမြဲတမ်းပဲရှိခွင့်ရရင်
ဒီကမ္ဘာရဲ့အခြားခြားသောအလှပဆုံးတွေ
မလိုတော့ပါဘူးလေ
နင်ပျော်အောင် အမြဲတမ်းပဲထားပေးပါရစေ
ဘာလိုလို တောင့်တလိုက်အမြဲတမ်းအသင့်လေ
Will you be mine until the end of time?
စိတ်ကူးယဥ်တဲ့ညလေးတွေ
အိပ်မက်တွေလည်းငါမက်နေတာ
မနည်းတော့ပါဘူးလေ
လက်တွေ့ဘဝထဲမှာ နီးစပ်ဖို့လည်း
ကြိုးစားနေ မင်းသိနိုင်မလား
ငါ့မနက်ဖြန်များအားလုံးဟာ နင်တစ်ယောက်တည်း
ဒီအချစ်တွေထာဝရအတွက်
တစ်သက်စာလုံးအတွက်မင်းယုံကြည်ထား
ငါ့အနာဂတ်တွေတိုင်းဟာ အားလုံးမင်းနဲ့
မင်းနဲ့ငါ နီးစပ်ခွင့်တစ်နေ့နေ့ရရင်
နင့်နားမှာ အမြဲတမ်းပဲရှိခွင့်ရရင်
ဒီကမ္ဘာရဲ့အခြားခြားသောအလှပဆုံးတွေ
မလိုတော့ပါဘူးလေ
နင်ပျော်အောင် အမြဲတမ်းပဲထားပေးပါရစေ
ဘာလိုလို တောင့်တလိုက်အမြဲတမ်းအသင့်လေ
Will you be mine until the end of time?
Will you be mine until the end of time?