Elige una pista para reproducir

နှလုံးသားထဲကတေးသံ နာခံစေရော့
ဘဝတစ်ခုလုံးနဲ့ရင်းကာ
ရင်ထဲကတေးသံတွေ
ကမ္ဘာကုန်ကျယ်သ၍ တည်စေသော်
တည်ပါစေသော်
မှန်ရာကို သစ္စာဆိုပါမည်
ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်
ရင်မှာတစ်ယောက်တည်း ချစ်ခဲ့ဖူးပါသည်
မင်းကလွဲ၍ ဘယ်သူ့မှကို မချစ်ပြီ
ကြင်နာသူ သိစေချင်ပါသည်
ကိုယ့်စေတနာ ဖြူစင်ခဲ့ပါသည်
အမှန်တကယ်မြတ်နိုးမိတဲ့ အဖြစ်တွေသည်
အရိပ်တကြည့်ကြည့်နဲ့ မပြောရက် မဆိုရက်ပြီ
အကြင်နာကို မထွေးနိုင် မအန်နိုင်ပြီ
မျက်နှာတော် မော်ကာဖူးချင်သည်
မရေရာလှသော ဘဝမို့ အားငယ်သည်
ဆင်းရဲတွင်းထဲ ဆွဲလို့ မခေါ်ရက်ပြီ
မှန်ရာကို သစ္စာဆိုပါမည်
ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်
ရင်မှာတစ်ယောက်တည်း ချစ်ခဲ့ဖူးပါသည်
မင်းကလွဲ၍ ဘယ်သူ့မှကို မချစ်ပြီ
မှန်ရာကို သစ္စာဆိုပါမည်
ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်
ရင်မှာတစ်ယောက်တည်း ချစ်ခဲ့ဖူးပါသည်
မင်းကလွဲ၍ ဘယ်သူ့မှကို မချစ်ပြီ
ကြင်နာသူ သိစေချင်ပါသည်
ကိုယ့်စေတနာ ဖြူစင်ခဲ့ပါသည်
အမှန်တကယ်မြတ်နိုးမိတဲ့ အဖြစ်တွေသည်
အရိပ်တကြည့်ကြည့်နဲ့ မပြောရက် မဆိုရက်ပြီ
အကြင်နာကို မထွေးနိုင် မအန်နိုင်ပြီ
မျက်နှာတော် မော်ကာဖူးချင်သည်
မရေရာလှသော ဘဝမို့ အားငယ်သည်
ဆင်းရဲတွင်းထဲ ဆွဲလို့ မခေါ်ရက်ပြီ
မှန်ရာကို သစ္စာဆိုပါမည်
ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်
ရင်မှာတစ်ယောက်တည်း ချစ်ခဲ့ဖူးပါသည်
မင်းကလွဲ၍ ဘယ်သူ့မှကို မချစ်ပြီ
မင်းကလွဲ၍ ဘယ်သူ့မှကို မချစ်ပြီ
မင်းကလွဲ၍ ဘယ်သူ့မှကို မချစ်ပြီ