Elige una pista para reproducir
သစ်ရွက်ကလေးတွေလည်း
မြေမှာခလို့ လွင့်ကြွေမြဲ
အဖေါ်မဲ့ နှုတ်ခမ်းများလည်း
ညင်သာ တီးတိုးရွတ်ဆိုဆဲ
အနွမ်းပန်းများသည်လည်း
ကြွေကာ ခန်းခြောက်ရစ်ပြီကွယ်
အချစ်ရဲ့လိပ်ပြာလေး
ဘယ်မှာ ပုန်းလို့နားပြီလဲ
အဖော်ကွဲတဲ့ ငှက်ကလေးများ
အပေါ်ကိုသာ ငေးငေးကြည့်ရင်းနဲ့သာ
နှလုံးသားမျက်ရည်များ ကျဆင်းလာ
သူပေးတဲ့ ချစ်အနမ်းများ
ပြန်လည်ကာတွေးတော စိတ်မောမိတာ
အေးမြပါးပြင်သည် ပူနွေးလာ
ကတိစကားများကိုလည်း
မြေလှန်ပြန်ရှာရင်း
ဘဝအသစ် များပေါ်လည်း
ညင်သာစွာ လျှောက်လှမ်းရင်း
ချစ်တိုင်းလည်း မညား
စကားကိုသာ တီးတိုးရေရွတ်မိတာ
ကိုယ့်နှလုံးသား အသည်းအိမ်မှာ
အချစ်များစွာ
သူပေးတဲ့အချစ် များကိုသာ
ထွေးပိုက်နေတုန်း အခိုက်မှာ
ကိုယ့်နှလုံးသား အသည်းတစ်နေရာ
အချစ်ပေးတဲ့ ဒါဏ်ရာများ
အိုး အချစ်
သစ်ရွက်ကလေးတွေလည်း
မြေမှာခလို့ လွင့်ကြွေမြဲ
အဖေါ်မဲ့ နှုတ်ခမ်းများလည်း
ညင်သာ တီးတိုးရွတ်ဆိုဆဲ
အနွမ်းပန်းများသည်လည်း
ကြွေကာ ခန်းခြောက်ရစ်ပြီကွယ်
အချစ်ရဲ့လိပ်ပြာလေး
ဘယ်မှာ ပုန်းလို့နားပြီလဲ
အဖော်ကွဲတဲ့ ငှက်ကလေးများ
အပေါ်ကိုသာ ငေးငေးကြည့်ရင်းနဲ့သာ
နှလုံးသားမျက်ရည်များ ကျဆင်းလာ
သူပေးတဲ့ ချစ်အနမ်းများ
ပြန်လည်ကာတွေးတော စိတ်မောမိတာ
အေးမြပါးပြင်သည် ပူနွေးလာ
ကတိစကားများကိုလည်း
မြေလှန်ပြန်ရှာရင်း
ဘဝအသစ် များပေါ်လည်း
ညင်သာစွာ လျှောက်လှမ်းရင်း
ချစ်တိုင်းလည်း မညား
စကားကိုသာ တီးတိုးရေရွတ်မိတာ
ကိုယ့်နှလုံးသား အသည်းအိမ်မှာ
အချစ်များစွာ
သူပေးတဲ့အချစ် များကိုသာ
ထွေးပိုက်နေတုန်း အခိုက်မှာ
ကိုယ့်နှလုံးသား အသည်းတစ်နေရာ
သူပေးတဲ့ ဒါဏ်ရာများ
အိုး အချစ်
ချစ်တိုင်းလည်း မညား
ချစ်တိုင်းလည်း မညား