Выберите трек для воспроизведения
လိုချင်တာတွေ အကုန်သာ နင်ယူသွားပါ
ငါ့အတွက်တခုတော့ ဆုတောင်းပေးခဲ့လိုက်ပါ
နောင်သံသရာမှာမှာ အချစ်အကြောင်းမသိတဲ့လူသား
ဝဋ်ကြွေးရှိသမျှ ကျေပါ အခုသာ...
ငါ သေသေချာချာ တည်ကြည်စွာ ချစ်ထားသမျှ
နောက်ကျောက မင်းထိုးတဲ့ဓား ဈေးပေါလိုက်တာ
နာကျင်ပါစေ တန်ဖိုးမရှိတဲ့ဒီဓားကို
နင်ပြန်လည်ကာ နုတ်လို့ယူသွား...
ရှိသမျှ အကုန်ပုံအပ်ကာ
ရင်းနှီးသူရင်ကို စုန်ကန်ထွက်သွားပါ...
နေ့တိုင်း စာအုပ်တွေ နေ့စဉ်ဖတ်ပါတယ်
ဟာသတွေကြည့်နေခဲ့သော်လည်း...
၁၅ မိနစ်ကျော်လာရင် အလိုလိုလွမ်းလာတယ်...
ဆန္ဒကို ဘရိတ်အုပ်ထားပါတယ်
ဆင်ခြင်ရင်း ငါစိတ်ဖြေခဲ့...
အနီးဆုံးလူကို မကြွေတာ ကောင်းပါတယ်...
လူတွေအမြင်မှာ နင်ဟာ ဗန္ဓုလ
ငါ့အတွက်ကျတော့ နင်က သွေးနည်းလိုက်တာ...
မယ်သီတာလို စိတ်မျိုးမရှိတဲ့နင်က
အလိုတူစွာ ဒဿအလိုကျ ဖြည့်ဆည်းပါ...
အကြင်နာမှန်ရင် တကယ်ကို ချိုလိုက်တာ
နောင်တနဲ့မင်းတွေ့ချိန်မှ မလွမ်းနဲ့တော့ကွာ.
ငါလိုလူမှာ တခုပဲ ထိန်းသိမ်းချင်တာ
မာန နဲ့ သိက္ခာတရား...
ဖြူစင်ခဲ့သမျှ...
အမဲစက်တွေကိုသာ နင်လေ အမွေပေးသွား...
[နေ့တိုင်း စာအုပ်တွေ နေ့စဉ်ဖတ်ပါတယ်
ဟာသတွေကြည့်နေခဲ့သော်လည်း...
၁၅ မိနစ်ကျော်လာရင် အလိုလိုလွမ်းလာတယ်...
ဆန္ဒကို ဘရိတ်အုပ်ထားပါတယ်
ဆင်ခြင်ရင်း ငါစိတ်ဖြေခဲ့...
အနီးဆုံးလူကို မကြွေတာ ကောင်းပါတယ်...]×2
END