Оберіть трек для відтворення
ချစ်သူ့လမ်းကြားကလေးထဲမှာ တွေ့နိုး
ချစ်သူ့လမ်းကြားကလေးမှာ တွေ့လိမ့်နိုးနဲ့
ရှာနေသူချင်း ကြာလာတော့ နီးသထက်နီးကာ
တွယ်တာမိသတဲ့
ချစ်သူ့လမ်းကြားကလေးထဲမှာ ရှိနိုး
ချစ်သူ့လမ်းကြားကလေးမှာ ရှိလိမ့်နိုးနဲ့
တခါတလေမှာများ ကြုံချင်တော့ မျက်စိအောက်က
လူပါပဲ
ဘယ်သူပြောနိုင်မှာလဲ
မြင်ရင် ချက်ချင်းသိခဲ့ပါတယ်
လူတွေ ရာထောင်ချီတဲ့ ချစ်သူ့လမ်းကြားထဲဝယ်
လျှောက်လိုက် ရပ်လိုက်နဲ့ရယ် တစ်ယောက်ထဲ
ချစ်သူ့လမ်းကြားထဲမှာ စောင့်မြဲစောင့်မယ်
တစ်ချိန်ချိန်တော့ ကြင်နာသူကောက်ရလိမ့်မယ်
ယုံကြည်လျက်ကွယ်
ချစ်သူ့လမ်းကြားကလေးထဲမှာ ရှိနိုး
ချစ်သူ့လမ်းကြားကလေးမှာ ရှိလိမ့်နိုးနဲ့
တခါတလေမှာများ ကြုံချင်တော့ မျက်စိအောက်က
လူပါပဲ
ဘယ်သူပြောနိုင်မှာလဲ
မြင်ရင် ချက်ချင်းသိခဲ့ပါတယ်
လူတွေ ရာထောင်ချီတဲ့ ချစ်သူ့လမ်းကြားထဲဝယ်
လျှောက်လိုက် ရပ်လိုက်နဲ့ရယ် တစ်ယောက်ထဲ
ချစ်သူ့လမ်းကြားထဲမှာ စောင့်မြဲစောင့်မယ်
တစ်ချိန်ချိန်တော့ ကြင်နာသူကောက်ရလိမ့်မယ်
ယုံကြည်လျက်ကွယ်
တစ်ချိန်ချိန်တော့ ကြင်နာသူကောက်ရလိမ့်မယ်
ယုံကြည်လျက်ပဲ