Оберіть трек для відтворення
December ညထဲ
မင်းအကြောင်းပဲ ဆက်တိုက်တွေးမိဖြစ်တာ ဘယ်လိုကြောင့်လဲ
အေးစက်တဲ့ မင်းမျက်ဝန်းရဲ့ကြားမှာ ဒီလို ညအလယ်
မင်းပေးတဲ့ အနွေးဓာတ်များနဲ့ အလွမ်းငါ ဖြေရုံလောက်ပဲ
တစ်ခါပြန်ပြန်ရောက်ခဲ့ ပြီးဆုံးသွားတဲ့ နေ့တွေလည်း
အချိန်တန်လို့ မဟောင်းနွမ်းတဲ့ ငါ့တို့ရဲ့ကြားက အချစ်တွေလည်း
နေဝင်ချိန်ပျောက်ခဲ့တယ် အေးစက်တဲ့ အချိန်မှာတမ်းတတယ်
မင်းအကြောင်းတွေ နွေမှာ မဟောင်းနွမ်းလည်း
အချစ်ကြောင့်နဲ့ ငါလေ ရူးသွပ်ခဲ့
နင်မမေ့ဘူး ငါ့တို့ နှစ်ယောက်ရဲ့ကြား ရက်တွေ မကုန်လွန်သေးဘူး
ရှေ့နှစ်တွေတုန်းက ချစ်နေကြတဲ့ ငါတို့ဝေးအခု
အလွမ်းညရဲ့ နှိပ်စက်မှုတွေအောက်မှာ ကြာလေ ငါရူး
အဆိပ်တက်ပေမယ့် မင်းရဲ့ အမိန့်ကိုမလွန်နိုင်ပါဘူး
စတွေ့တဲ့ December အဲ့ည ဒီ ဒီနေရာလေးနား
လှုပ်ခတ်တဲ့ အချိန်တွေကို တမ်းတ မြင်လွှာတွေရဲ့ကြား
ဟိုးအတိတ်တွေကြား ငါ့မှာ မြင်ယောင်နေတဲ့အခါ
အဲ့ညမှာ အသည်းကွဲတော့မယ့် ငါလောကကိုခဏလောက် မေ့လိုက်တာ
ငါပျော်နေသော နွေးထွေးတဲ့ အစ်မရဲ့ ဂရုစိုက်မှုတွေကြားမှာ ပျော်နေတုန်း
မျက်စိမှိတ် ခဏလေးမှာ မျှော်လင့်ခဲ့သမျှတွေ အကုန်ပျက်သုဉ်း
မင်းရဲ့သွေးအေးလွန်းတဲ့ စကားလုံးများရဲ့ အဆုံးငါ မခံနိုင်တော့
ရင်တွေကွဲ အဲ့ညမှာ ငါလေ မငိုနိုင်တော့
မင်းထားခဲ့ ငါ့ဘဝရဲ့ တစ်ကွေ့မှာ အချစ်များနဲ့
ပြီးကျမှ အလွမ်းများကြောင့် ငါအသည်းထဲထိအောင် ခံရတယ်
မင်းကြောင့်နဲ့ငါရူး ဘာမှမတတ်နိုင်ဘူး
မက်ခဲ့တဲ့ အိပ်မက်များလည်း အဆုံးအစမဲ့လောက်အောင်လွင့်သွားခဲ့
December ညထဲ
မင်းအကြောင်းပဲ ဆက်တိုက်တွေးမိဖြစ်တာ ဘယ်လိုကြောင့်လဲ
အေးစက်တဲ့ မင်းမျက်ဝန်းရဲ့အောက်မှာ
ငါလေမျောခဲ့တဲ့ ငါရုန်းထွက်မနိုင်အောင်ဖြစ်ခဲ့တယ်
အချစ်ရဲ့ အဓိပ္ပါယ်ကို မင်းကြောင့်ပဲ ငါသေသေချာချာ သိခဲ့တယ်
ငါပျော်နေသော နွေးထွေးတဲ့ အစ်မရဲ့ ဂရုစိုက်မှုတွေ ကြားမှာ ပျော်နေတုန်း
မျက်စိမှိတ် ခဏလေးမှာ မျှော်လင့်ခဲ့သမျှတွေ အကုန်ပျက်သုဉ်း
မင်းရဲ့သွေးအေးလွန်းတဲ့ စကားလုံးများရဲ့အဆုံး ငါ မခံနိုင် တော့
ရင်တွေကွဲ အဲ့ညမှာ ငါလေ မငိုနိုင်တော့