နေ့တာမရှည် တိုတောင်းတဲ့နေ့
မနေ့ကလိုပဲ ဘဝမှာ ဘာမှမပြောင်းလဲသေး
စိတ်ညစ်စရာတွေမေ့ အပိုခေါင်းထဲမတွေး
မနက်ဖြန်တွေဟာ ပိုကောင်းမယ့်နေ့
နေ့တာရှည်ညတွေ ပိုတိုတောင်းတဲ့နေ့
မနေ့တစ်နေ့ကဆိုတာ အတိတ်မို့အဟောင်းပဲဟေ့
တစ်ခါမှမ ပြောင်းလဲ သေးတဲ့ သေကောင်ပေါင်းလဲအတွေး
ဘာဖြစ်ဖြစ်မနက်ဖြန်တွေရှိရင်တော့ ပိုကောင်းမယ့်နေ့
စိတ်ခံစားမှုတွေကိုအရောင်နဲ့သတ်မှတ် အပြာရောင်
ပုံမှန်အိပ်ချိန်ဆိုတာ မမှောင်တဲ့မနက်ဘက်
စိတ်အရမ်းညစ်လာတဲ့အခါ ဘောင်နဲ့ကန့်သတ် အညိုရောင်
အခန်းရဲ့ထောင့်လေးမှာ တစ်ကောင်တည်းအဆက်ဖြတ်
ဘဝကိုရေစုန်မှာမျော ဖြစ်သလိုနေလို့မရ
ညစ်နေတဲ့စိတ်နဲ့ပြော အသစ်လိုနေလို့များ
ဦးနှောက်အပျက်နဲ့အမှောင်ကား ခေတ်ကိုမွှေလို့သွား
အနက်ထဲမှာဖြူနေနိုင်ဖို့ တစ်လိုနေလို့မှား
အမှန်တရားကို ပုံပျက်အောင်လုပ် အရောင်ဆိုးနေကြ
လွယ်လွယ်နဲ့မယုံတဲ့ကောင် နှောင်ကြိုးတွေမထား
အသံကြားရာအမြီးနှံ့တတ်တဲ့ ကြောင်ဆိုးတွေခဏ
ယုံကြည်ရာဆီခရီးဆန့် အမှောင်ဆုံးတွေလား
ဘာတွေဖြစ်လာမှာလဲ ကဗျာတွေအသစ်ငါမရှာခဲ့
အထာတွေလစ်လာတာနဲ့ နှာတွေကစ်လာတာပဲ
တစ်ခါတလေဟိုးအောက်ဆုံးထိ စိတ်တွေကညစ်
ရှာဖွေတုန်းပျောက်ဆုံးပြီး အိပ်နေမရအဖြစ်
နေ့တာရှည်ညတွေ ပိုတိုတောင်းတဲ့နေ့
မနေ့တစ်နေ့ကဆိုတာ အတိတ်မို့အဟောင်းပဲဟေ့
တစ်ခါမှမ ပြောင်းလဲ သေးတဲ့ သေကောင်ပေါင်းလဲအတွေး
ဘာဖြစ်ဖြစ်မနက်ဖြန်တွေရှိရင်တော့ ပိုကောင်းမယ့်နေ့
နေ့တာမရှည် တိုတောင်းတဲ့နေ့
မနေ့ကလိုပဲဘဝမှာ ဘာမှမပြောင်းလဲသေး
စိတ်ညစ်စရာတွေမေ့ အပိုခေါင်းထဲမတွေး
မနက်ဖြန်တွေဟာ ပိုကောင်းမယ့်နေ့
ရပ်နေတဲ့နာရီတောင်မှ တစ်နေ့မှာအနည်းဆုံးနှစ်ခါမှန်သေးတယ်
ဆိုတော့ ငါရောမှားစရာဘာကျန်သေးလဲ
ဗလာနံအတွေးနဲ့ တစ်ခါပြန်တွေးမယ်
ရာဇသံအပြည့်နဲ့ အသံတွေမုန်းတဲ့ဗီဇ နာခံဖို့အတွက်ကာရန်ဝေးလည်း
မှန်ကြည့်တိုင်းမှာတရားခံအဖြစ်နဲ့ ငါ့ကိုယ်ငါပြန်တွေ့တယ် (Come on)
အမှုတစ်ရာ အမြဲပွေတဲ့ လူ့ဘဝထဲနေ
အထက်အောက် ပိရမစ်လို လူနေမှု ထူးမလာခဲ့သေး
ချည်မယ့် သမုဒယကြိုးတွေ တုပ်နှောင် မုချမလွဲမသေ
တစ်ခါတစ်ရံမွန်းကျပ်လွန်းလို့ စိတ်ထင်ရာစိုင်း
ထုကာခွဲခြေခဲ့တဲ့ ဖန်ပုလင်းကမနေ့ကအမှားအတွက်ဥပမာအလားပဲ
ပျက်စီးသွားတဲ့ အစိတ်အပိုင်း အကောင်းအတိုင်း ဘယ်လို ကုသရမလဲ
အများနဲ့ တန်းတူဖို့အတွက် တုပရတဲ့ လူ့သဘာဝထဲ
တစ်ယောက်တည်း အောင့်သက်သက်နဲ့ ပြုံးခဲ့ဖူးတယ် ထူးကာမခြားဘဲ
ကိုယ့်ရဲ့ဝါသနာနဲ့အသက်မွေးခြင်းဟာ ကောင်းတဲ့အဖြေ
ဆိုပေမယ့် ပါရမီနည်းတဲ့ကိစ္စမို့ ပုံမလောင်းရဲသေး
တကယ်ရောကြုံလာမှာလား မနေ့နဲ့မတူတဲ့အပြောင်းအလဲတစ်ကွေ့
ငါ့ရဲ့ခေါင်းထဲအတွေးက မနက်ဖြန်က ပိုကောင်းမယ့်နေ့
နေ့တာမရှည် တိုတောင်းတဲ့နေ့
မနေ့ကလိုပဲဘဝမှာ ဘာမှမပြောင်းလဲသေး
စိတ်ညစ်စရာတွေမေ့ အပိုခေါင်းထဲမတွေး
မနက်ဖြန်တွေဟာ ပိုကောင်းမယ့်နေ့
နေ့တာရှည်ညတွေ ပိုတိုတောင်းတဲ့နေ့
မနေ့တစ်နေ့ကဆိုတာ အတိတ်မို့အဟောင်းပဲဟေ့
တစ်ခါမှမ ပြောင်းလဲ သေးတဲ့ သေကောင်ပေါင်းလဲအတွေး
ဘာဖြစ်ဖြစ်မနက်ဖြန်တွေရှိရင်တော့ ပိုကောင်းမယ့်နေ့
ဘဝကိုအကောင်းပဲတွေး ခံယူချက်မပြောင်းလဲသေး
အားတင်းလို့ရှေ့ဆက် နောက်ထပ်တစ်နေ့
ဆိုးရင်းပေရင်း ညမအိပ်မိုးလင်းလေခြင်း
မနက်ဖြန်တိုင်းမှာ မနေ့ကအမှားအတွက် အကျိုးအပြစ်တွေရှင်း
အဖြစ်အပျက်တွေကြား ကံကောင်းခြင်းအသစ်ထွက်လေမလား
တစ်နေ့ကအတိုင်းပဲ ငါ့ရဲ့အခန်းကညစ်ပတ်ပေပွ
ဒုက္ခတွေမဆိုးသလိုနဲ့ ဘဝအိမ်ခေါင်တိုင်မိုးယို
ဘေးနားပတ်လည်နေထိုင်မှုစရိုက် ဘဝပုံစံတွေအမျိုးမျိုးကြားမှာ
တိုးဝှေ့ရင်းနဲ့အတွေးနက်သန်းခေါင်ကျော် မိုးစင်စင်လင်း
ကိုယ်မပိုင်တဲ့တစ်နေ့တာအချိန်အတွက် ရောင်းပန်းလှဖို့တချို့ပြင်ဆင်ရင်း
စကားတွေအမှန်အကန်နင်ရင် ရင်ခွင်နုံးဖတ်
အမှားတွေတစ်ဖန်ပြန်မြင်ချင်ဆင်ခြင်သုံးသပ်
အံမဝင်အသုံးမကျမှုတွေတော့ရှိနေမှာပဲ
လူတိုင်းကအမှားနဲ့မကင်းမှ လူပီသတဲ့ဝိသေသထဲ
အပိုတွေဖယ်ဘာဆက်လုပ်ရမှာငါသိနေသား
ဆိုပေမယ့် လူငယ်စိတ်နဲ့ ငါတို့ကဖိလေကြွ